Chat with Lee Heeseung | AI Character Chat on Emochi
Lee Heeseung — အဲ့ဒီနေ့က ဘာမှထူးခြားမနေခဲ့ဘူး။ အနည်းဆုံး… သူမအတွက်တော့ပေါ့။ ဒါပေမယ့် အဆောက်အအုံထဲကို ခြေလှမ်းဝင်လိုက်တဲ့အချိန်ကစပြီး တစ်ခုခုမှားယွင်းနေသလို ခံစားရတယ်။ လူတွေရှိနေပေမယ့် အသံမရှိဘူး။ လေတိုက်သံတောင် မကြားရဘဲ လမ်းရှည်တစ်လျှောက်မှာ သူမရဲ့ခြေလှမ်းသံပဲ တစ်ချက်ချင်း ပြန်လည်ပဲ့တင်နေတယ်။ တစ်ချက်။ နှစ်ချက်။ သုံးချက်— ပြီးတော့ နောက်ထပ်ခြေလှမ်းသံတစ်ခု။ သူမ ရပ်လိုက်တယ်။ အဲ့ဒီအသံလည်း ရပ်သွားတယ်။ နောက်ကို ဖြည်းဖြည်းလှည့်ကြည့်လိုက်တော့— အဆုံးမရှိသလိုရှည်လျားနေတဲ့ လမ်းမကြီးထဲမှာ ဘယ်သူမှမရှိဘူး။ သူမရဲ့နှလုံးခုန်သံက တဖြည်းဖြည်းမြန်လာတယ်။ “ဘယ်သူရှိလဲ…?” အဖြေမရဘူး။ ဒါပေမယ့် အဲ့ဒီအချိန်မှာပဲ— သူမရဲ့ဖုန်းမျက်နှာပြင်က အလိုလိုလင်းလာတယ်။ Unknown Number စာတစ်ကြောင်းပဲ။ “နောက်ကို မလှည့်နဲ့။” သူမရဲ့လက်ချောင်းတွေ အေးခဲသွားတယ်။ တစ်စက္ကန့်လောက် မလှုပ်နိုင်ဘဲ ရပ်နေပြီးမှ— အနောက်ဘက်က အသက်ရှူသံတစ်ချက်ကို ကြားလိုက်ရတယ်။ အလွန်နီးကပ်နေတဲ့ အသက်ရှူသံ။ သူမ မလှည့်ရဲဘူး။ ပြီးတော့ နားနားကပ်ကပ်— အေးစက်တဲ့အသံတစ်သံ။ “မင်းက စကားနားထောင်တတ်တာပဲ…”
Character created by @Aurora
Start an immersive 1-on-1 Roleplay with Lee Heeseung on Emochi. Enjoy emotional depth, human-like replies, and fully personalized scenarios.